Monday, August 29, 2022

Audience ရွေးနည်း - Interest တွေ အများကြီး ရွေးတာ ကောင်းလား ❓

Interest တွေ အများကြီး ရွေးတာ ကောင်းလား ❓

Interest အများကြီး ရွေးတိုင်း ထိ‌ရောက်မယ်လို့ ထင်နေရင် မှားပါလိမ့်မယ်။ မှားနိုင်တဲ့ နည်းလမ်း ၂ ခု ရှိနိုင်ပါတယ်။

ပထမ တစ်ခုက မဆိုင်တာတွေရော၊ ဆိုင်တာတွေရော လျောက်ထည့်မယ်ဆိုရင် မဆိုင်တဲ့ interest တွေ ထည့်လိုက်လို့ ထိရောက်စရာ အကြောင်း မရှိပါဘူး။

ဒုတိယ တစ်ခုက General Audience ကို ‌ရွေးပြီး specific Audience တွေရွေးမယ်ဆိုလဲ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။ အရှင်းဆုံး ပြောရရင် Facebook ကို စိတ်ဝင်စားတဲ့ interest ကို ရွေးလိုက်တယ်။ ပီးရင် online shopping, engaged shopper, cosmetics, lipsticks, စသဖြင့် အများကြီး လျောက်ထည့်လိုက်လို့လဲ ပိုထူးလာစရာ အကြောင်းမရှိတော့ပါဘူး။ ဥပမာ Facebook ကို စိတ်ဝင်စားတဲ့သူက သန်း၄၀ ရှိတယ်ဆိုပါစို့... နောက်ထပ် ထပ်ရွေးလိုက်တဲ့ online shopping, engaged shopper, cosmetics, lipsticks ကို စိတ်ဝင်စားတဲ့သူတွေဟာလဲ သန်း၄၀ ထဲမှာ ပဲ ရှိလို့၊ Facebook ကို စိတ်ဝင်စားတဲ့သူတွေပဲ ဖြစ်လို့ ပိုလဲ လူများမလာသလို၊ ပိုလဲ ထူးလာစရာအကြောင်းမရှိပါဘူး။ ဒါကို overlapping ဖြစ်တယ်လို့ ခေါ်ပါတယ်။

ဒါ့ကြောင့် overlapping မဖြစ်အောင် ရှောင်ရှားပြီး ထိရောက်အောင် ပစ်နိုင်ကြပါစေ...

Any comments below 👇


Sprout Social ဆိုတာ ဘာလဲ❓


Sprout social ဆိုတာ social media management tool တစ်ခု ဖြစ်ပါတယ်။ လက်ရှိမှာ အကောင်းဆုံးနဲ့ ဈေးအကြီးဆုံးလဲ ဖြစ်ပါတယ်။ post တွေ တင်မယ်၊ schedule လုပ်မယ်၊ analytics လုပ်မယ်၊ report လုပ်မယ် အစရှိသဖြင့် social media management အတွက် အသုံးဝင်တဲ့ tool ဖြစ်ပါတယ်။

✔️ Publishing မှာ post တွေကို schedule လုပ်၊ တင်တဲ့ အခါ page တစ်ခု၊ channel တစ်ခုတင် မကပဲ အများအပြားကို တပြိုင်နက်တည်း ဆောင်ရွက်လို့ ရပါတယ်။ queue လုပ်လို့ရတဲ့အတွက် ပိုမိုလွယ်ကူလျင်မြန်စေပါတယ်။ ပုံမှန်အားဖြင့် page တစ်ခုကို ပဲ schedule လုပ်နိုင်တာ ဖြစ်ပါတယ်။

✔️ Team conversation ရှိတဲ့အတွက် Post တွေ မတင်ခင်မှာ လဲ စိတ်တိုင်းကျ စစ်ဆေးနိုင်တယ်၊ လိုအပ်သလို သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တာဝန်တွေ ခွဲဝေပေးပြီး ပြုပြင်စေခိုင်းနိုင်တယ်။ Team management, internal communication ပိုမို ကောင်းမွန်စေနိုင်မှာ ဖြစ်ပါတယ်။

✔️ Approval workflow ရှိတဲ့အတွက် Post တွေ တင်တဲ့ နေရာမှာ လဲ သက်ဆိုင်ရာ တာဝန်ရှိသူက စစ်ဆေး အတည်ပြုခြင်း မပြုဘဲ တင်လို့မရအောင် (သို့) အတည်ပြုချက်တွေကိုလဲ တောင်းခံနိုင်ပါတယ်။ ပုံမှန်အားဖြင့် Viber ကနေ ဟိုပုံပို့၊ ဒီစာပို့ပြီး စစ်ဆေး အတည်ပြုခိုင်းရတဲ့ အခက်အခဲတွေ ကင်းဝေးလို့ လွယ်ကူလျှင်မြန်စေပါတယ်။

✔️ Smart inbox မှာ Message, comment များကို တိုက်ရိုက် engage လုပ်လို့ရသလို Task တာဝန်ခွဲဝေ စေခိုင်းနိုင်တဲ့အတွက် CRM အတွက် များစွာ ထိရောက်မှု ရှိစေနိုင်မှာ ဖြစ်ပါတယ်။

✔️ Report မှာ မိမိရဲ့ profiles/pages/channels performance တွေကို စစ်ဆေးနိုင်တယ်၊ analysis လုပ်နိုင်တဲ့အပြင်။ Post performance တွေ စစ်ဆေးနိုင်တယ်။ competitive analysis တွေပါ လုပ်နိုင်လို့ optimization ကောင်းကောင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် အားနည်းချက်လို့ ပြောလို့ရတာကတော့ အလကား သုံးလို့မရပါဘူး၊ ရက် (၃၀) အစမ်းသုံးခွင့်ရှိပေမယ့် ဝယ်သုံးမယ်ဆိုရင်လဲ အနည်းဆုံး တလ 89$ ရှိတာမို့ လုပ်ငန်းကြီးတွေအတွက်ပဲ အဆင်ပြေနိုင်ပါလိမ့်မယ်။

Chat on messenger:
m.me/108639715105392

Read more:
https://www.facebook.com/december3agency

Sunday, August 28, 2022

Facebook Audience ရွေးနည်း - Narrow နှစ်ဆင့် ပစ်နည်း 🎯

Narrow နှစ်ဆင့် ပစ်နည်း 🎯

ဒီနည်းလမ်းကို ပိုမိုထိရောက်ချင်တဲ့အခါမှာ သုံးလို့ရပါတယ်။ တစ်ခုသတိထားရမှာက Audience size အရမ်းနည်းသွားရင် ပိုဆိုးသွားနိုင်ပါတယ်။

Second hand laptop ဆိုတဲ့ product ကို ရောင်းမယ်ဆိုပါစို့...

Interest ကို ဘယ်လိုရွေးမလဲ ❓

ရောင်းမှာက laptop ဖြစ်တဲ့အတွက် interest ကို laptop လို့ ရွေးလို့ရပါတယ်။ ဒါကို general audience လို့ ပြောလို့ရပါတယ်။ audience size ကျယ်တယ်။ ထိရောက်မှု နည်းပါတယ်။ ဘာလို့လဲ ဆိုတော့ laptop ကို စိတ်ဝင်စားတဲ့သူတွေကို ပစ်တယ်ဆိုတာတော့ မှန်ပါတယ်။ ဒီ‌ကြော်ငြာကို တွေ့တဲ့သူတွေကတော့ laptop စိတ်ဝင်စားတဲ့သူတွေပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အသစ် ကို စိတ်ဝင်စားတဲ့သူရော၊ အဟောင်းကို စိတ်ဝင်စားတဲ့သူရော၊ ဝယ်ချင်တဲ့သူရော၊ ရောင်းချင်တဲ့သူရော စသဖြင့် အမျိုးမျိုးပါနေတဲ့အတွက် ထိရောက်မှုနည်းမယ်၊ message အဝင်နည်းပါလိမ့်မယ်။

ဒါကို ထိရောက်အောင် ပြင်လို့ရလားဆို narrow နဲ့ ပြင်လို့ရပါတယ်။ laptop ကို စိတ်ဝင်စားတဲ့သူတွေကို ပစ်လိုက်တာ မှန်ပေမယ့်၊ အဟောင်းကို စိတ်တင်စားတဲ့သူတွေ မဟုတ်တော့ သိပ်ထိရောက်မှာ မဟုတ်ဘူးလေ၊ ဒါ့ကြောင့် narrow နဲ့ second hand ဆိုပြီး interest တွေကို ထပ်ရွေးပါမယ်။ ဒါဆိုရင် laptop ကို စိတ်ဝင်စားတဲ့သူ ဖြစ်ရမယ်၊ အဟောင်းကို စိတ်ဝင်စားတဲ့သူ ဖြစ်ရမယ်။ တနည်းအားဖြင့် second hand laptop ကို စိတ်ဝင်စားတဲ့သူတွေကို ပစ်လိုက်တဲ့ သဘောဖြစ်သွားပါတယ်။

ဒီလိုနည်းနဲ့ audience ကိုရွေးချယ်ပစ်လိုက်ပြီဆိုရင် message တွေဝင်လာပြီး ထိ‌ရောက်အောင် ပစ်နိုင်မှာ ဖြစ်ပါတယ်။ သို့သော် သတိထားရမှာက audience size သေးရင် ထိရောက်မှု ပိုနည်းနိုင်ပါတယ်။

Friday, August 26, 2022

Facebook မှာ Audience ရွေးနည်း

General Audience နှင့် Specific Audience ဘာကွာလဲ❓

အဓိက အားဖြင့် Audience ၂ မျိုး ခွဲခြားလို့ရပါတယ်။ အဲဒါကတော့ general audience နဲ့ specific audience ပဲ ဖြစ်ပါတယ်။

General audience ဆိုတာ ဘာလဲ❓

General audience ဆိုတာ တိတိကျကျ မဟုတ်ဘဲ ယေဘုံယျ interest တွေကို အသုံးပြုတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ယေဘုံယျ interest ဆိုတာ ဘာလဲ လို့ပြောရင် အများနဲ့ ဆိုင်တဲ့ interest တွေကို ပြောတာ ဖြစ်ပါတယ်။ Nivea က ထုတ်တဲ့ အသားဖြူ cream “extra white” product တစ်ခုကို ရောင်းချင်တယ် ဆိုပါစို့... interest မှာ cosmetics လို့ ရွေးချယ်လိုက်ခြင်းဟာ general audience ရွေးချယ်လိုက်ခြင်း ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ lipsticks ကြိုက်တဲ့သူတွေ၊ makeup ကြိုက်သူတွေ၊ lotion ကြိုက်တဲ့သူတွေလဲ ပါနိုင်လို့ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ online shopping လို့ ရွေးတဲ့သူတွေ ထက်စာရင်တော့ ပိုထိရောက်မှုရှိပါတယ်။ online shopping လို့ ရွေးချယ်တာဟာ မဆိုင်ဘူးလား မေးရင်တော့ ဆိုင်နိုင်ပါတယ်။ too general ဖြစ်လွန်းတယ်လို့ ပြောလို့ ရပါတယ်။ ဒီလိုမျိုး audience ကို မရွေးသင့်ပါဘူး။

Specific audience ဆိုတာ ဘာလဲ❓

Specific audience ဆိုတာ တိကျတဲ interest တွေကို အသုံးပြုတာကို ဆိုလိုတာ ဖြစ်ပါတယ်။ Specific audience ဆိုတာ တနည်းအားဖြင့် ပြောရင် category နဲ့ တူတဲ့ interest တွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒိနေရာမှာ cosmetics က title ဆိုရင် makeup, lipstick, eyebrow, cream, စတဲ့ interest တွေဟာ category တွေဖြစ်ပြီး specific audience ပဲ ဖြစ်ပါတယ်။ specific audience ဆိုတာ ထိရောက်မှုရှိတဲ့ interest အမျိုးအစား ဖြစ်လို့ boost လုပ်တဲ့သူတိုင်း ရွေးချယ် ပစ်သင့်ပါတယ်။

ဒီနေရာမှာ interest ကို Nivea ( brand )လို့ ရွေးချယ် ပစ်မယ်ဆိုရင်တော့ အရမ်းတိကျလွန်းလို့ audience size သေးနိုင်တဲ့အတွက် too specific ဖြစ်တယ် လို့ ပြောလို့ရနိုင်ပါတယ်။ ဒီလို ရွေးချယ်မှုဟာ ထိရောက်မှုလဲ နည်းသွားနိုင်ပါတယ်။ too specific audience (narrow) ဖြစ်တဲ့ interest တွေကိုလဲ မရွေးချယ်သင့်ပါဘူး။ သို့သော် တခါတရံမှာ (brand) တွေဟာ too specific audience ဖြစ်တယ်လို့ type အရဆိုသော်လည်း popular ဖြစ်ပြီး လက်တွေ့မှာ audience size အရမ်းကြီးလို့ specific target အဖြစ် အသုံးပြုနိုင်ပါတယ်။

Audience ၂ မျိုးလို့ ဆိုခဲ့ပေမယ့် တကယ်တော့ ၄ မျိုးကို ထုတ်ဖော် ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ audience အရွေးမှန်မှ ထိရောက်မှာ ဖြစ်လို့ မှန်ကန်စွာ ရွေးချယ်ပစ်နိုင်ကြပါစေ...

Any comments below 👇

Thursday, August 25, 2022

Audience ဘယ်နှစ်မျိုးရှိလဲ ❓

Audience ဘယ်နှစ်မျိုးရှိလဲ ❓

Facebook မှာ Boost လုပ်တော့မယ် ဆိုရင် ဘယ်လို Audience တွေကို ရွေးချယ် ပစ်ရမလဲ ဆိုတာ သိဖို့လိုပါတယ်...

ရောင်းအားတက်ချင်ရင်လဲ ရွေးချင်တာ ‌ရွေးချလိုက်တယ်၊ like တက်ချင်ရင်လဲ ပစ်ချင်တာ ပစ်ချလိုက်တယ် ဆိုရင် ထိရောက်မျိုးနည်းပါလိမ့်မယ်...

ဒါ့ကြောင့် Audience 4 မျိုးနဲ့ ဘယ်လိုရွေးချယ်သင့်လဲ ပြောပြပေးသွားပါမယ်...

1. Cold Audience ဆိုတာ product/service အကြောင်း ဘယ်မှ မသိသေးတဲ့သူတွေကို ‌ဆိုလိုပြီး Brand Awareness/Reach လိုချင်တဲ့အခါ သုံးသင့်ပါတယ်၊ အများအသုံးပြုတဲ့ Interest တွေကိုရွေးချယ်ပစ်တာကို ဆိုပါတယ်။ interest ကို ‌ကျွမ်းကျင်စွာ အသုံးချနိုင်မယ်ဆိုရင်လဲ message ဝင်ဖို့အတွက်လဲ ပစ်ထားလို့မရပါဘူး။

2. Warm Audience ဆိုတာ product/service အကြောင်း ကြားဖူး/မြင်ဖူး/သိတဲ့သူတွေကို ဆိုလိုပါတယ်၊ တနည်းအားဖြင့် like/engagement လုပ်ထားတဲ့သူတွေကို ဆိုတာဖြစ်ပါတယ်၊ Message အဝင်နည်းတယ်ဆိုရင် သုံးသင့်ပါတယ်၊ ဒါပေမယ့် Custom Audience ကို ရွေးချယ်ပစ်ရမှာမို့ အများသုံးနေကျ Boost post နဲ့ ‌ရွေးလို့မရပါဘူး။

3. Hot Audience ဆိုတာ Contact လုပ်တဲ့သူတွေကို ဆိုလိုပါတယ်၊ Message/comment/call စသဖြင့် enquiry လုပ်ထားတဲ့သူတွေဟာ Hot Audience တွေပဲ ဖြစ်ပါတယ်၊ တနည်းအားဖြင့် Sale ‌ရဖို့ လက်တစ်ကမ်း အလိုမှာ ရောက်နေတဲ့သူတွေပဲ ဖြစ်ပါတယ်၊ ဒါ့ကြောင့် ရောင်းအားတက်ချင်တယ်ဆိုရင်တော့ Hot Audience ကို အဓိကထား ရွေးချယ်ပစ်ရမျာ ဖြစ်ပါတယ်။

4. Customer Audience ဆိုတာကတော့ ဝယ်ဖူးတဲ့ customer ကို ဆိုလိုတာ ဖြစ်ပြီး တန်ဖိုးအရှိဆုံး Audience အမျိုးအစားလဲ ဖြစ်ပါတယ်၊ ရောင်းအားအပူတပြင်းလိုအပ်အခါ ကယ်တင်ရှင် audience အမျိုးအစားပဲ ဖြစ်ပါတယ်၊။

ဒီလောက်ဆိုရင် Audience ဘယ်နှစ်မျိုးရှိတယ်၊ ဘယ်လိုရွေးချယ်ရမယ်ဆိုတာကို အကြမ်းဖျင်း နားလည်သဘောက်ပေါက်မယ် ထင်ပါတယ်... ဒါပေမယ့် အများစုက Cold Audience ပဲ သုံးနေကျတာမို့ ကျန် audience ၃ မျိုးကိုတော့ နားလည်ဖို့ ခက်ခဲနိုင်ပါတယ်၊

ထပ်ဆင့် သိချင်တာ/မရှင်းတာ ရှိရင် တော့ Comment မှာ ဝင်ရောက် ဆွေး‌နွေးဖို့ ဖိတ်ခေါ်ပါတယ်နော်...👇

Wednesday, August 24, 2022

Boost လုပ်လို့ရတဲ့ နည်းလမ်းများနှင့် အကျိုးကျေးဇူးများ ❤️

Boost လုပ်တယ်လို့ ပြောလိုက်တာနဲ့ အများက သိထားကြတာက Post အောက်နားက Boost post ဆိုတဲ့ စာလေးကို နှိပ်တာလို့ပဲ ထင်ကြပါတယ်၊ တကယ်တော့ အသုံးများတဲ့ နည်းလမ်း ၃ ခုရှိပါတယ်...

၁။ Boost Post 

ယနေ့ခေတ်မှာ အသုံးများတဲ့ နည်းလမ်းလေး ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲလို့ ပြောရင်တော့ အလွယ်တကူ သုံးလို့ရလို့ပဲ ဖြစ်ပါတယ်။ Boost အပ်ရင်တောင် result ကောင်းတာမကောင်းတာ နောက်ထား၊ Active, End in ... ဆိုတဲ့ စာလေးတွေ Post အောက်မှာ မြင်ချင်ကြသေးတော့ Boost post နဲ့ပဲ သွားနေကြတယ်၊ ဒီနည်းလမ်းဟာ ထိရောက်မှုအနည်းဆုံး နည်းလမ်းဖြစ်ပြီး လုပ်ဆောင်နိုင်စွမ်းနည်းပါတယ်။ 

၂။ Ads manager

ဒီနည်းလမ်းကတော့ Boost post နဲ့ယှဥ်ရင် လုပ်ဆောင်နိုင်စွမ်း ပိုများလာပါတယ်။ Goal ပိုများများ ရွေးချယ်လို့ ရနိုင်တယ်၊ Daily budget သုံးလို့ရတယ်၊ Dark ad တွေ run လို့ရတယ်၊ Interest တွေ‌‌ရွေးချယ်ရမှာ‌လဲ ပိုအားကောင်းတယ်၊ Post တွေ အလွယ်တကူ ချိန်းလို့ရတယ် စတဲ့အားသာချက်တွေဟာ ထိရောက်မှု ပိုရှိစေနိုင်ပါတယ်။ ဒါပေမယ်လို့ Post အောက်မှာတော့ Organic Reach နဲ့ Paid Reach ပဲ တွေ့မြင်နိုင်ပါတယ်။

၃။ Business Manager 

ဒီနည်းလမ်းကတော့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီးတော့ အသုံးအနည်းဆုံးလဲ ဖြစ်နေပါတယ်၊ professional agency အနည်းစုသာ သုံးတာတွေ့ရပါတယ်။ ဒီ နည်းလမ်းဟာ Boost နဲ့ ပတ်သက်တဲ့ လက်နက်မျိုးစုံ ကို အသုံးပြုခွင့်ရသလို စွမ်းဆောင်ရည်ကိုလဲ အမြင့်ဆုံး၊ အထိရောက်ဆုံး ဆောင်ရွက်‌ပေးနိုင်တဲ့အပြင် လုံခြုံရေးပိုင်း နှင့် error handling လုပ်ကိုင်ရာမျာလဲ လွယ်ကူလျှင်မြန်စေပါတယ်။ page hack ခံရခြင်း၊ ad acc တစ်ခုမက ဖန်တီးနိုင်ခြင်းနှင့် အလွယ်တကူ disabled ဖြစ်ခြင်းမှလဲ ကင်းဝေးစေနိုင်ပါတယ်။ အရေးကြီးတဲ့ လုပ်ငန်းတိုင်း မဖြစ်မနေ လုပ်သင့်တဲ့ acc ပဲ ဖြစ်ပါတယ်။

Boost လို့ရတဲ့နေရာတွေကတော့ အများကြီးရှိပါတယ်။ Phone နဲ့ Boost မယ်၊ Computer နဲ့ Boost မယ်၊ ဒီနေရာမှာလဲ phone နဲ့ Boost လုပ်တာထက်၊ computer နဲ့ Boost လုပ်တာက နည်းလမ်းခြင်းတူရင်တောင် ပိုထိရောက်စေနိုင်ပါတယ်၊ မည်သို့ပင်ဖြစ်စေ အဓိကအားဖြင့် ခွဲခြားရင်တော့ ဒီ ၃ နည်းပါပဲ။ ထိ‌ရောက်ချင်တယ်၊ ရောင်းအားတက်ချင်တယ်ဆိုရင် ဘယ်လိုတွေ ပြုပြင်ဆောင်ရွက်သင့်လဲ ဆိုတာ နားလည်သဘောပေါက်ပြီး ဆောင်ရွက်နိုင်ကြပါစေ...

Comment မှာ မေးမြန်၊ ဆွေးနွေးအကြံပြုဖို့ ဖိတ်ခေါ်ပါတယ်နော်...👇

Chat on messenger:
m.me/108639715105392

Read more:
https://www.facebook.com/december3agency

Tuesday, August 23, 2022

Google Search Console

 

❗️ Website တစ်ခုတည်ဆောက်ပြီး - ပြီးသွားပြီလား၊ ပစ်ထားလိုက်ပြီလား ?

Site ရဲ့ performance ကောင်းရဲ့လား၊ Traffic ကောင်းရဲ့လား၊ Speed ကောင်းရဲ့လား စစ်ဖို့လိုပါတယ်...

ဘာမှန်းမသိ၊ ညာမှန်းမသိ တည်ဆောက်ပြီးပြီဆိုတာနဲ့ အလုပ်ဖြစ်မယ်မထင်ပါနဲ့... ကုန်ကျစရိတ်များပြီး ဂုဏ်သိက္ခာပင် ထိခိုက်နိုင်ပါတယ်...

အနည်းဆုံးတော့ Free Tool ဖြစ်တဲ့ Google Search Console ကို အသုံးပြုနိုင်ဖို့ လိုပါမယ်နော် ❤️


သိချင်တာရှိရင် မေးလို့ရပါတယ်

Chat on messenger:
m.me/108639715105392

Read more:
https://www.facebook.com/december3agency

Monday, August 22, 2022

ManyChat ဆိုတာ ဘာလဲ❓

ManyChat ဆိုတာ Messenger chatbot တစ်ခုဖြစ်ပါတယ်။ ပုံမှန်အား ဖြင့်တော့ Facebook မှာလဲ welcome message, instant reply, FAQ တွေ ဖန်တီးလို့ရပါတယ်။ ဒီလို automation တွေ ဆောင်ရွက်ထားတာဟာ ဝန်ဆောင်မှုကို မြှင့်တင်ရာ ရောက်ပြီး ရောင်းအားလဲ တက်စေနိုင်ပါတယ်။ ဒါဆို ManyChat ဘာလဲ။ ManyChat မှာလဲ welcome message, instant reply, FAQ ‌တွေ ဖန်တီးလို့ရပါတယ်။ အားသာချက်ကတော့ design အားသာချက်ရှိတယ်၊ နောက်ပြီး အဆင့်ဆင့် flow တွေကို ဖန်တီးနိုင်တယ်၊ ဒါဟာ user satisfaction ကို ပိုမိုတိုးပွားစေပါတယ်။ ဒီလို အဆင့်ဆင့် flow တွေကို ဖန်တီးနိုင်တဲ့အတွက် ဝန်ဆောင်တွေကို ပေးလို့ရပါတယ်။ product တွေကို ရောင်းလို့ရပါတယ်။ လိုအပ်ရင် leads တွေပါ ရယူနိုင်တာဟာ ManyChat ရဲ့အားသာချက် (၃) ခုဖြစ်ပါတယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး အခြားသော function များစွာကိုလဲ အသုံးပြုသေးလို့ အင်မတန် အသုံးဝင်တဲ့ tool လို့ ပြောရင် မှားမယ်မထင်ပါဘူး။

✅User က comment မှာ မန့်လိုက်တဲ့ စကားလုံးတွေပေါ်မူတည်ပြီးလဲ reply ပြန်တာ၊ like လုပ်ပေးတာ၊ gift ပေးတာတွေက အစ လုပ်လို့ရပါတယ်။

✅Leads or survey data တွေရယူနိုင်ပြီး SMS marketing၊ email marketing လဲဆောင်ရွက်နိုင်လို့ ပြည့်စုံတယ်လို့ ခံစားရမှာ ဖြစ်ပါတယ်။

✅Keywords များအသုံးပြုပြီး ခြေရာခံကာ reply လုပ်နိုင်တဲ့အတွက် chatbot အစစ်အမှန် အရသာကို ခံစားရမှာ ဖြစ်ပါတယ်။

✅Sequences တွေကို အသုံးပြုပြီးလဲ Contacts တွေကို စနစ်တကျနဲ့ follow up လုပ်နိုင်မှာဖြစ်တဲ့အတွက် CRM အားကောင်းပြီး ရောင်းအားကို တက်စေနိုင်မှာ ဖြစ်ပါတယ်။

✅Rule ဟာ contact info ကို အခြေခံထား စစ်ဆေးပြီး Action ပြုလုပ်နိုင်တဲ့အတွက် specified contact တွေကို ပစ်မှတ်ထား ဝန်ဆောင်မှုတွေ ပေးနိုင်လို့ ထိရောက်တဲ့ marketing ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

✅ Live chat မှာ လိုအပ်ရင် လိုအပ်သလို flow တွေကို manually ပေးပို့ ပေးနိုင်လို့ အရမ်းကို အသုံးဝင်ပြီး စိတ်ကျေနပ်မှု၊ မြန်ဆန်မှုကို အပြည့်အဝ ပေးနိုင်မှာ ဖြစ်ပါတယ်။

✅Messenger Ref URL တွေဟာ အခြားမည်သည့် channel/website ကနေမဆို လိုအပ်တဲ့အချိန်မှာ လိုအပ်သလို flow ‌တွေကို ဖန်တီးပေးနိုင်လို့ conversion rate ပိုကောင်းစေနိုင်မှာ ဖြစ်ပါတယ်။

✅Email/SMS marketing ပါ အပို‌ဆောင်း လုပ်နိုင်သေးတဲ့အတွက် လိုတာထက်ကို ပိုကောင်းနေတဲ့ ဆိုရင် မမှားနိုင်ပါဘူး။

✅ManyChat flow တွေကို ‌ads manager နဲ့ တွဲဖက်သုံးနိုင်တာဟာလဲ ကျေနပ်စရာ တစ်ခုဖြစ်ပါတယ်။

ဒီ tool လေးဟာ အခမဲ့ သုံးလို့ရတာမို့ customer satisfaction ပိုရအောင် ရောင်းအားတိုးလာအောင် အသုံးပြုသင့်တယ်လို့ အကြံပြုလိုပါတယ်။

Any comments below 👇


Chat on messenger:
m.me/108639715105392


Read more:
https://www.facebook.com/december3agency

Sunday, August 21, 2022

Profile page ဆိုတာ ဘာလဲ ❓

❤️Profile page ရဲ့ အားသာချက် (၈)ချက်❤️

Profile page ဆိုတာ လူတိုင်းမရနိုင်တဲ့ အခွင့်အရေးတစ်ခုပါ။ ကောင်းစေချင်လို့ ပြောင်းပေးထားတာကို မြင့်တယ်ထင်ပြီး ခုန်မချသင့်ပါဘူး။ တချို့ဆို ပိုက်ဆံပေးပြီးတောင် classic page ကို ပြန်ပြောင်းကြပါတယ်။ Profile page မှာ Layout အသစ်နဲ့မို့ classic page နဲ့မတူလို့ ဘာလုပ်ရမှန်းမသိတာ သဘာဝကျပေမယ့် တကယ်တော့ classic page မှ ကောင်းကောင်းသုံးတတ်ရင် profile page ကို အသုံးပြုနိုင်ပါတယ်။

အရေးကြီးတဲ့ ထူးခြားမှုတချို့ကို ရှင်းပြပေးသွားပါမယ်...👇

၁။ layout design ပြောင်းလဲမှုရှိပါတယ်၊ ဒီလိုပြောင်းလဲ လိုက်လို့ အသုံးပြုရခက်သွားတာ မဟုတ်ပါဘူး။ အရင်လိုမဟုတ်တာ မှန်ပေမယ့် ပိုပြီး အသုံးပြုရလွယ်အောင် စုစည်းပေးထားပါတယ်။ classic page မှာ ၃ နေရာလောက် ပြန့်ကျဲနေတဲ့ tools တွေကို တစ်နေရာတည်းမှာ စုစည်းပေးထားလိုက်တယ်။ ဒါဟာ page ဆိုတာ post တင်ဖို့၊ advertising လုပ်ဖို့ အဓိက ဖြစ်တဲ့အတွက် သက်ဆိုင်တဲ့ tools တွေကို တစ်နေရာတည်းမှာ အလွယ်တကူ အသုံးပြုနိုင်သွားပါတယ်။

၂။ Professional dashboard ဆိုတာ profile page မှာပဲရှိပြီး classic page မှာ သုံးလို့မရနိုင်တဲ့ tool တစ်ခု ဖြစ်ပါတယ်။

၃။ mention, followers, … စတဲ့ tab အစုံအလင် အသုံးပြုခွင့် ရှိခြင်းဟာလဲ အားသာချက် တစ်ခု ဖြစ်ပြီး မိမိရဲ့ customers, followers များ အနီးကပ်စောင့်ကြည့်၊ ထိတွေ့ ဆက်ဆံခွင့် ရရှိမှာ ဖြစ်ပါတယ်။

၄။ Live video, life event, raise money, … စသဖြင့် မိမိရဲ့ post မှာ ထည့်သွင်းနိုင်ခြင်းဟာလဲ အဓိက အားသာချက် ဖြစ်ပြီး Posting ကို ကောင်းကောင်း ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

၅။ Page access ဆိုတာ page role မှ ပြောင်းလဲသွားတဲ့ tool တစ်ခုဖြစ်ပြီး ပိုမို လွတ်လပ်ပြီး ထိန်းချုပ်နိုင်ရှိတယ်လို့ ခံစားရပါတယ်။ full access နဲ့ task access ဆိုပြီး နှစ်မျိုးသာ ခွဲခြားထားပါတယ်။ သို့ပေမယ့် community manager ရာထူတစ်ခုကို သီးသန့်ခန့်ထားနိုင်ပြီး violate အခြေအနေစောင့်ကြည့်ပြီး moderate comments, remove people လုပ်နိုင်ပါတယ်။

၆။ Community tab မရှိပါဘူး၊ မရှိတော့ page နဲ့ မသက်ဆိုင်တဲ့ တခြား ဘယ်သူ၊ ဘယ် page ကမှ မိမိ page ထဲကို post လာတင်ခွင့်မရှိတာဟာလဲ အရှုပ်ထုပ်တစ်ခု လျှော့ကျ သွားသလိုပါပဲ။

၇။ Moderation Assist ဆိုတဲ့ tool လေးဟာ comment တွေအတွက် ကိုယ်စား moderate ပြန်ပေးနိုင်တဲ့ Virtual Moderator လေးအဖြစ် အသုံးဝင်တာမို့ သက်တောင့်သက်သာ ဖြစ်မယ့်အပြင် လွတ်လပ်မှုကိုပါ ခံစားရနိုင်ပါတယ်။

၈။ Profile page ဆိုသည့်အတိုင်း page ဟာ profile အဖြစ်ပါ ဆောင်ရွက်နိုင်တဲ့အတွက် profile မှာ သုံးလို့ရတဲ့ tools အကုန် သုံးခွင့်ရရှိပါတယ်။ ဒါဟာ အင်မတန်ကောင်းမွန်တဲ့ အချက်ဖြစ်ပြီး page ကို classic page ထက် ပိုမို ကောင်းမွန်စွာ ထိန်းချုပ်လာနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခု ပိုကောင်းတဲ့အချက်က page ဟာ profile အနေနဲ့ အလုပ်လုပ်ခွင့် ရရှိခြင်းဟာ profile page မှာ အကောင်းဆုံးနဲ့ အသုံးအဝင်ဆုံးလို့ ပြောလို့ရပါတယ်။

ဘာလို့လဲ ဆိုရင် အရင်တုန်းကဆိုရင် ကျွန်တော်တို့ page နဲ့ပတ်သက်ပြီး product/service တွေ ရောင်းတဲ့အခါ၊ marketing လုပ်တဲ့အခါမှာ ကြုံရတဲ့ အခက်အခဲ တစ်ခုရှိပါတယ်။ ဒါဟာ ဘာလဲဆိုလို့ရှိရင် မိမိရဲ့ personal acc နဲ့ ဈေးရောင်းရတာ ဖြစ်တဲ့အတွက် ဒါဟာ ယုံကြည်ရခက်ခဲသလို၊ ဘယ်သူက မိမိရဲ့ personal အကောင့် နဲ့ ဈေးရောင်းပမလဲ၊ နောက်ပြီး ဒါဟာ လုပ်ငန်းအတွက်လဲ ရေရှည်ကောင်းတဲ့အချက်မဟုတ်ပါဘူး။

အခု ဒီအချက်ကို Facebook က ဖြေရှင်းပေးလိုက်ပုံ ရပါတယ်။ page အနေနဲ့ marketing ဆင်းလို့ ရသွားပါပြီ။ group တွေကို join လို့ရသွားပါပြီ၊ page တွေကို like လုပ်လို့ရသွားပါပြီ။ ဒီတော့ customer တွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံလို့ရသွားပါပြီ။ ဒါဟာ အင်မတန်မှ ထိရောက်တဲ့ စနစ်ဖြစ်ပြီး reach ပိုရောက်မယ်၊ followers တိုးလာမယ်၊ CRM (communication) ပိုကောင်းမယ်၊ ရောင်းအားတွေ ပိုတက်လာမယ်။

❤️ဘယ်လောက်ကောင်းလိုက်လဲ...

ဒါ့ကြောင့် သင့် page ဟာ profile page ပြောင်းသွားတယ်ဆိုရင် ထကုန်ပြီး ကသင့်နေပါပြီနော်...☺️


သိချင်တာရှိရင် မေးနိုင်ပါတယ်

Chat on messenger:
m.me/108639715105392


Read more:
https://www.facebook.com/december3agency

Saturday, August 20, 2022

How to Add Editor/Admin to Profile Page?

❤️ Profile page မှာ Admin/editor မထည့်တတ်သူများအတွက် ❤️

တကယ်တော့ profile page မှာ editor ဆိုတာတွေ မရှိတော့ပါဘူး၊ page ကို ခွဲဝေအသုံးပြုချင်တယ်ဆိုရင် အဓိကအားဖြင့် နည်းလမ်း (၂)မျိုးနဲ့ သုံးလို့ရပါတယ်။ တမျိုးက Facebook access or full access၊ နောက်တမျိုးကတော့ task access ပဲ ဖြစ်ပါတယ်။

✅Facebook access က ဘာအတွက်လဲ လို့ဆိုရင် Facebook page ကို အသုံးပြုနိုင်ဖို့ဖြစ်ပါတယ်။ editor ရာထူးလိုပါပဲ။ Full access ပေးလိုက်မယ်ဆိုရင်တော့ page နဲ့ ပတ်သက်ပြိး အလုံးစုံ လုပ်နိုင်တဲ့အတွက် admin ရာထူးပေးတယ်လို့ ယူဆလို့ရပါတယ်။

✅Task access မှာတော့ လုပ်ပိုင်ခွင့်တွေ ခွဲ‌ဝေပြီး တာဝန်ပေးလို့ရပါတယ်။ Insights, Ads, Content, Community Activity, Messages ဆိုပြီး တာဝန် (၅) မျိုးရှိပြီး ဘယ်သူကို ဘယ်တာဝန်တွေ ပေးမယ်ဆိုပြီး သတ်မှတ်လို့ရပါတယ်။

Task access ကိုတော့ တော်တော်လေး သဘောကျမိတယ်၊ လွတ်လပ်ပြီး ထိန်ချုပ်နိုင်စွမ်းရှိတယ် 👍

လုပ်ပုံလုပ်နည်းကိုတော့ ပုံတွေကြည့်ပြီး တဆင့်ချင်း ဆောင်ရွက်နိုင်ပါတယ်။


Editor/Admin ပေးရန်

1. Home ကနေ View Tool ကိုနှိပ်ပါ။
(သို့)
page ကနေ Manage ကို နှိပ်ပါ


2. Page access ကို ရွေးပါ



3. Editor/admin ထည့်ဖို့ People with Facebook access ဘေးက Add New ကို နှိပ်ပါ။
(သို့)
အခြားလုပ်ပိုင်များ ပေးလို့ပါက People with task access ဘေးက Add New ကို နှိပ်ပါ။


4. Next နှိပ်ပါ

5. Editor ပဲ ပေးလိုပါက Give access ကိုနှိပ်ပါ။ Admin ပေးလို့ပါက Allow the people to allow full access ကို on ပြီး Give access နှိပ်ပါ။
(သို့)
အခြားတာဝန်များပေးလိုပါက ပေးချင်သော တာဝန်များကို on ရွေးပြီး Give access နှိပ်ပါ။


မရှင်းတာရှိရင်လဲ မေးလို့ရပါတယ်👇

Chat on messenger:
m.me/108639715105392

Read more:
https://www.facebook.com/december3agency

Friday, August 19, 2022

Marketing ဆိုတာဘာလဲ❓

သင် အလုပ်လုပ်နေပြီလား❓
ဒါဆိုရင် Marketing အကြောင်း သိဖို့လိုပါမယ်

Marketing ဆိုတာ အရောင်းမြှင့်တင်ပေးခြင်းပဲ ဖြစ်ပါတယ်။ အဓိက တာဝန်ကတော့ potential customer ရှာဖွေပေးဖို့ ဆိုရင် မှားမယ်မထင်ပါဘူး။

Marketing ဘယ်နှစ်မျိုးရှိလဲ

1. Outbound marketing
2. Inbound marketing

ဆိုပြီး ၂ မျိုးရှိပါတယ်...

1. Above the line
2.Through the line
3. Below the line

ဆိုပြီးတော့လဲ ၃ မျိုး ခွဲခြားနိုင်ပါတယ်

Read more:
https://www.facebook.com/december3agency

Chat on messenger:
m.me/108639715105392

Thursday, August 18, 2022

Outbound marketing ဆိုတာ ဘာလဲ❓

 

Outbound marketing ဆိုတာ traditional marketing တွေဖြစ်တဲ့ Radio, Televison, Newspaper, print, billboard, seminar, event, show တွေမှာ ကြော်ငြာခြင်းပဲ ဖြစ်ပါတယ်။ cold mailing, cold calling, in-person contact တွေလဲ ပါဝင်ပါတယ်။

Massive audience ကို target ပစ်ရတာကြောင့်  Brand awareness အတွက် ထိရောက်တဲ့ နည်းလမ်းတခု ဖြစ်ပေမယ့် ကုန်ကျစရိတ်ကြီးမားလှပါတယ်။ 

Outbound marketing ဟာ intrusive တွေကြောင့် နာမည်ပျက်မှုတွေရှိသော်လဲ Radio နားထောင်သူ၊ TV ကြည့်သူ၊ newspaper ဖတ်သူအတွက်တော့ ထိရောက်ဆဲဖြစ်ပါတယ်။  carpet-bombing technique ဟာ ထိရောက်တဲ့ နည်းလမ်းတခုဖြစ်ပါတယ်။ 

Outbound marketing ကို above the line လို့ ခေါ်နိုင်သလို Push Marketing လို့လဲခေါ်ကြပါတယ်။
Digital marketing ခေတ်မှာ outbound marketing ဟာ လိုအပ်နေဆဲ ဖြစ်လို့ အကျိုးရှိရှိ အသုံးပြုနိုင်ကြပါစေ...

Read more:

Chat on messenger:

Wednesday, August 17, 2022

Digital Marketing ဆိုတာ ဘာလဲ❓


ဒါတွေ သိမှ Digital Marketing လို့ပြောပါ

Digital Marketing ဆိုတာ အလွယ်ဆုံး ပြောရရင် Digital နည်းဖြင့် marketing လုပ်တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် social media တွေ အပြင် YouTube, Search Engine, Website, Mobile Device စသဖြင့် ပါဝင်ပါတယ်။

1. Website marketing
2. PPC marketing
3. Content marketing
4. Social media marketing
5. Affiliate marketing
6. Video marketing
7. Email marketing
8. SMS marketing

ဒါတွေဟာ Digital marketing မှာ အသုံးပြုရမယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။
Digital Ads တွေကတော့ Demographic, Interest, Behavior စသဖြင့် တိတိကျကျ ပစ်နိုင်ပါတယ်။ Remarketing, Custom audience တွေ ​သုံးနိုင်ပါတယ်။ Below The Line လို့လဲ ခေါ်ပါတယ်။
မိမိဟာ digital marketer တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ လိုအပ်တဲ့အရည်အချင်းတွေ ဖြည့်ဆည်းထားဖို့ လိုအပ်ပါတယ်...

သိချင်တာရှိရင် မေးလိုက်ပါ...
Chat on messenger:
m.me/108639715105392

Read more:
https://www.facebook.com/december3agency

Through The Line (360" Marketing) ဆိုတာဘာလဲ?

 

လုပ်ငန်းတစ်ခုအတွက် marketing လုပ်ပြီဆိုရင် Through The Line ကို အသုံးပြုလာရပါလိမ့်မယ်။ Through The Line ဆိုတာ Above The Line နှင့် Below The Line ကို ပေါင်းစပ် အသုံးပြုတဲ့ နည်းလမ်းဖြစ်ပါတယ်။

Traditional marketing ကို အရင်က အဓိက အသုံးပြုခဲ့ကြပေမယ့် ခုအခါမှာတော့ Digital marketing ကို အဓိက ထား သုံးလာကြပါတယ်။ ဘာဖြစ်ဖြစ် လုပ်ငန်းတစ်ခုဟာ ယှဥ်ပြိုင်အနိုင်ယူဖို့၊ အသာစီး ရဖို့အတွက် TTL ကို အသုံးပြုရပါလိမ့်မယ်။ ဘာ့ကြောင့်လဲ ဆိုတော့ Brand awareness အတွက် ပစ်ထားလို့မရသလို Sales/conversion အတွက်လဲ အလုပ်လုပ်ရမှာမို့ ဖြစ်ပါတယ်။

ဘက်စုံ ထောင့်စုံ၊ နည်းလမ်းသုံးပြီး marketing လုပ်ရတာမို့ TTL marketing ကို 360" Marketing လို့လဲ ခေါ်ပါတယ်...


သိချင်တာရှိရင် မေးလို့ရပါတယ်

Chat on messenger:
m.me/108639715105392

Read more:
https://www.facebook.com/december3agency

Monday, August 15, 2022

Free ManyChat Training for Chatbot ?

Chatbot အသုံးပြုချင်သူများအတွက် ManyChat အသုံးပြုနည်း အခမဲ့သင်တန်း

ManyChat ဆိုတာ လက်ရှိမှာ လူသုံးအများဆုံးနဲ့ အကောင်းဆုံး Chatbot tool တစ်ခုဖြစ်ပါတယ်။ ManyChat ကို Messenger မှာ reply ပြုလုပ်ဖို့ အတွက်သာ မကပဲ Survey လုပ်ဖို့၊ Service ပေးဖို့၊ Product တွေကို Sale လုပ်ဖို့ Teaching လုပ်ဖို့ စသဖြင့် အသုံးပြုနိုင်ပါတယ်။

ဒီသင်တန်းမှာဆိုရင်
1. Account ဖွင့်နည်း
2. Page/channel ချိတ်နည်း
3. Welcome Message, Instant Reply, FAQ လုပ်နည်းး
4. Flow တည်ဆောက်နည်း
များ သင်ကြားပြသပေးသွားမှာ ဖြစ်လို့ စိတ်ဝင်စားလို့ တက်ရောက်ချင်ပါတယ် ဆိုရင်
 
1. post ကို share လုပ်ပေးပါ
2. https://www.facebook.com/December3Agency page ကို Follow လုပ်ထားပါ
3. m.me/108639715105392 မှာ ManyChat ဆ်ုပြီး စာရင်းပေးထား လိုက်ပါ...


share and like လုပ်ထားသူများကို အခမဲ့ တက်ရောက်နိုင်ရန် link ချပေးပြီး live သင်ကြားပေးမှာ ဖြစ်ပါတယ်
အနည်းဆုံး သင်တန်းသား ၅ ဥွီး ပြည့်တာနဲ့ စတင်သင်ကြားပေးမှာ ဖြစ်လို့ အမြန်ပဲ စာရင်ပေးထားဖို့ တိုက်တွန်းလိုက်ပါတယ်...

Marketing ဆိုတာ ဘာလဲ ❓ by Arthur Bottle

သင် အလုပ်လုပ်နေပြီလား❓ 
ဒါဆိုရင် Marketing အကြောင်း သိဖို့လိုပါမယ် Marketing ဆိုတာ အရောင်းမြှင့်တင်ပေးခြင်းပဲ ဖြစ်ပါတယ်။ အဓိက တာဝန်ကတော့ potential customer ရှာဖွေပေးဖို့ ဆိုရင် မှားမယ်မထင်ပါဘူး။ 

 Marketing ဘယ်နှစ်မျိုးရှိလဲ 
1. Outbound marketing 
2. Inbound marketing ဆိုပြီး ၂ မျိုးရှိပါတယ်... 

1. Above the line 
2.Through the line 
3. Below the line ဆိုပြီးတော့လဲ ၃ မျိုး ခွဲခြားနိုင်ပါတယ် 

 ❗ ဆက်ဖတ်ဖို့အတွက် subscribe လုပ်ထားနော် 
https://www.facebook.com/december3agency ကိုလဲ Like/follow လုပ်ထားနိုင်ပါတယ် 

သိချင်တာ ရှိရင်တော့ m.me/kogyiarthur မှာ လာမေးလို့ရပါတယ်