Thursday, August 25, 2022

Audience ဘယ်နှစ်မျိုးရှိလဲ ❓

Audience ဘယ်နှစ်မျိုးရှိလဲ ❓

Facebook မှာ Boost လုပ်တော့မယ် ဆိုရင် ဘယ်လို Audience တွေကို ရွေးချယ် ပစ်ရမလဲ ဆိုတာ သိဖို့လိုပါတယ်...

ရောင်းအားတက်ချင်ရင်လဲ ရွေးချင်တာ ‌ရွေးချလိုက်တယ်၊ like တက်ချင်ရင်လဲ ပစ်ချင်တာ ပစ်ချလိုက်တယ် ဆိုရင် ထိရောက်မျိုးနည်းပါလိမ့်မယ်...

ဒါ့ကြောင့် Audience 4 မျိုးနဲ့ ဘယ်လိုရွေးချယ်သင့်လဲ ပြောပြပေးသွားပါမယ်...

1. Cold Audience ဆိုတာ product/service အကြောင်း ဘယ်မှ မသိသေးတဲ့သူတွေကို ‌ဆိုလိုပြီး Brand Awareness/Reach လိုချင်တဲ့အခါ သုံးသင့်ပါတယ်၊ အများအသုံးပြုတဲ့ Interest တွေကိုရွေးချယ်ပစ်တာကို ဆိုပါတယ်။ interest ကို ‌ကျွမ်းကျင်စွာ အသုံးချနိုင်မယ်ဆိုရင်လဲ message ဝင်ဖို့အတွက်လဲ ပစ်ထားလို့မရပါဘူး။

2. Warm Audience ဆိုတာ product/service အကြောင်း ကြားဖူး/မြင်ဖူး/သိတဲ့သူတွေကို ဆိုလိုပါတယ်၊ တနည်းအားဖြင့် like/engagement လုပ်ထားတဲ့သူတွေကို ဆိုတာဖြစ်ပါတယ်၊ Message အဝင်နည်းတယ်ဆိုရင် သုံးသင့်ပါတယ်၊ ဒါပေမယ့် Custom Audience ကို ရွေးချယ်ပစ်ရမှာမို့ အများသုံးနေကျ Boost post နဲ့ ‌ရွေးလို့မရပါဘူး။

3. Hot Audience ဆိုတာ Contact လုပ်တဲ့သူတွေကို ဆိုလိုပါတယ်၊ Message/comment/call စသဖြင့် enquiry လုပ်ထားတဲ့သူတွေဟာ Hot Audience တွေပဲ ဖြစ်ပါတယ်၊ တနည်းအားဖြင့် Sale ‌ရဖို့ လက်တစ်ကမ်း အလိုမှာ ရောက်နေတဲ့သူတွေပဲ ဖြစ်ပါတယ်၊ ဒါ့ကြောင့် ရောင်းအားတက်ချင်တယ်ဆိုရင်တော့ Hot Audience ကို အဓိကထား ရွေးချယ်ပစ်ရမျာ ဖြစ်ပါတယ်။

4. Customer Audience ဆိုတာကတော့ ဝယ်ဖူးတဲ့ customer ကို ဆိုလိုတာ ဖြစ်ပြီး တန်ဖိုးအရှိဆုံး Audience အမျိုးအစားလဲ ဖြစ်ပါတယ်၊ ရောင်းအားအပူတပြင်းလိုအပ်အခါ ကယ်တင်ရှင် audience အမျိုးအစားပဲ ဖြစ်ပါတယ်၊။

ဒီလောက်ဆိုရင် Audience ဘယ်နှစ်မျိုးရှိတယ်၊ ဘယ်လိုရွေးချယ်ရမယ်ဆိုတာကို အကြမ်းဖျင်း နားလည်သဘောက်ပေါက်မယ် ထင်ပါတယ်... ဒါပေမယ့် အများစုက Cold Audience ပဲ သုံးနေကျတာမို့ ကျန် audience ၃ မျိုးကိုတော့ နားလည်ဖို့ ခက်ခဲနိုင်ပါတယ်၊

ထပ်ဆင့် သိချင်တာ/မရှင်းတာ ရှိရင် တော့ Comment မှာ ဝင်ရောက် ဆွေး‌နွေးဖို့ ဖိတ်ခေါ်ပါတယ်နော်...👇

No comments:

Post a Comment