Monday, August 29, 2022

Audience ရွေးနည်း - Interest တွေ အများကြီး ရွေးတာ ကောင်းလား ❓

Interest တွေ အများကြီး ရွေးတာ ကောင်းလား ❓

Interest အများကြီး ရွေးတိုင်း ထိ‌ရောက်မယ်လို့ ထင်နေရင် မှားပါလိမ့်မယ်။ မှားနိုင်တဲ့ နည်းလမ်း ၂ ခု ရှိနိုင်ပါတယ်။

ပထမ တစ်ခုက မဆိုင်တာတွေရော၊ ဆိုင်တာတွေရော လျောက်ထည့်မယ်ဆိုရင် မဆိုင်တဲ့ interest တွေ ထည့်လိုက်လို့ ထိရောက်စရာ အကြောင်း မရှိပါဘူး။

ဒုတိယ တစ်ခုက General Audience ကို ‌ရွေးပြီး specific Audience တွေရွေးမယ်ဆိုလဲ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။ အရှင်းဆုံး ပြောရရင် Facebook ကို စိတ်ဝင်စားတဲ့ interest ကို ရွေးလိုက်တယ်။ ပီးရင် online shopping, engaged shopper, cosmetics, lipsticks, စသဖြင့် အများကြီး လျောက်ထည့်လိုက်လို့လဲ ပိုထူးလာစရာ အကြောင်းမရှိတော့ပါဘူး။ ဥပမာ Facebook ကို စိတ်ဝင်စားတဲ့သူက သန်း၄၀ ရှိတယ်ဆိုပါစို့... နောက်ထပ် ထပ်ရွေးလိုက်တဲ့ online shopping, engaged shopper, cosmetics, lipsticks ကို စိတ်ဝင်စားတဲ့သူတွေဟာလဲ သန်း၄၀ ထဲမှာ ပဲ ရှိလို့၊ Facebook ကို စိတ်ဝင်စားတဲ့သူတွေပဲ ဖြစ်လို့ ပိုလဲ လူများမလာသလို၊ ပိုလဲ ထူးလာစရာအကြောင်းမရှိပါဘူး။ ဒါကို overlapping ဖြစ်တယ်လို့ ခေါ်ပါတယ်။

ဒါ့ကြောင့် overlapping မဖြစ်အောင် ရှောင်ရှားပြီး ထိရောက်အောင် ပစ်နိုင်ကြပါစေ...

Any comments below 👇


No comments:

Post a Comment