❤️Profile page ရဲ့ အားသာချက် (၈)ချက်❤️
Profile page ဆိုတာ လူတိုင်းမရနိုင်တဲ့ အခွင့်အရေးတစ်ခုပါ။ ကောင်းစေချင်လို့ ပြောင်းပေးထားတာကို မြင့်တယ်ထင်ပြီး ခုန်မချသင့်ပါဘူး။ တချို့ဆို ပိုက်ဆံပေးပြီးတောင် classic page ကို ပြန်ပြောင်းကြပါတယ်။ Profile page မှာ Layout အသစ်နဲ့မို့ classic page နဲ့မတူလို့ ဘာလုပ်ရမှန်းမသိတာ သဘာဝကျပေမယ့် တကယ်တော့ classic page မှ ကောင်းကောင်းသုံးတတ်ရင် profile page ကို အသုံးပြုနိုင်ပါတယ်။
အရေးကြီးတဲ့ ထူးခြားမှုတချို့ကို ရှင်းပြပေးသွားပါမယ်...👇
၁။ layout design ပြောင်းလဲမှုရှိပါတယ်၊ ဒီလိုပြောင်းလဲ လိုက်လို့ အသုံးပြုရခက်သွားတာ မဟုတ်ပါဘူး။ အရင်လိုမဟုတ်တာ မှန်ပေမယ့် ပိုပြီး အသုံးပြုရလွယ်အောင် စုစည်းပေးထားပါတယ်။ classic page မှာ ၃ နေရာလောက် ပြန့်ကျဲနေတဲ့ tools တွေကို တစ်နေရာတည်းမှာ စုစည်းပေးထားလိုက်တယ်။ ဒါဟာ page ဆိုတာ post တင်ဖို့၊ advertising လုပ်ဖို့ အဓိက ဖြစ်တဲ့အတွက် သက်ဆိုင်တဲ့ tools တွေကို တစ်နေရာတည်းမှာ အလွယ်တကူ အသုံးပြုနိုင်သွားပါတယ်။
၂။ Professional dashboard ဆိုတာ profile page မှာပဲရှိပြီး classic page မှာ သုံးလို့မရနိုင်တဲ့ tool တစ်ခု ဖြစ်ပါတယ်။
၃။ mention, followers, … စတဲ့ tab အစုံအလင် အသုံးပြုခွင့် ရှိခြင်းဟာလဲ အားသာချက် တစ်ခု ဖြစ်ပြီး မိမိရဲ့ customers, followers များ အနီးကပ်စောင့်ကြည့်၊ ထိတွေ့ ဆက်ဆံခွင့် ရရှိမှာ ဖြစ်ပါတယ်။
၄။ Live video, life event, raise money, … စသဖြင့် မိမိရဲ့ post မှာ ထည့်သွင်းနိုင်ခြင်းဟာလဲ အဓိက အားသာချက် ဖြစ်ပြီး Posting ကို ကောင်းကောင်း ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
၅။ Page access ဆိုတာ page role မှ ပြောင်းလဲသွားတဲ့ tool တစ်ခုဖြစ်ပြီး ပိုမို လွတ်လပ်ပြီး ထိန်းချုပ်နိုင်ရှိတယ်လို့ ခံစားရပါတယ်။ full access နဲ့ task access ဆိုပြီး နှစ်မျိုးသာ ခွဲခြားထားပါတယ်။ သို့ပေမယ့် community manager ရာထူတစ်ခုကို သီးသန့်ခန့်ထားနိုင်ပြီး violate အခြေအနေစောင့်ကြည့်ပြီး moderate comments, remove people လုပ်နိုင်ပါတယ်။
၆။ Community tab မရှိပါဘူး၊ မရှိတော့ page နဲ့ မသက်ဆိုင်တဲ့ တခြား ဘယ်သူ၊ ဘယ် page ကမှ မိမိ page ထဲကို post လာတင်ခွင့်မရှိတာဟာလဲ အရှုပ်ထုပ်တစ်ခု လျှော့ကျ သွားသလိုပါပဲ။
၇။ Moderation Assist ဆိုတဲ့ tool လေးဟာ comment တွေအတွက် ကိုယ်စား moderate ပြန်ပေးနိုင်တဲ့ Virtual Moderator လေးအဖြစ် အသုံးဝင်တာမို့ သက်တောင့်သက်သာ ဖြစ်မယ့်အပြင် လွတ်လပ်မှုကိုပါ ခံစားရနိုင်ပါတယ်။
၈။ Profile page ဆိုသည့်အတိုင်း page ဟာ profile အဖြစ်ပါ ဆောင်ရွက်နိုင်တဲ့အတွက် profile မှာ သုံးလို့ရတဲ့ tools အကုန် သုံးခွင့်ရရှိပါတယ်။ ဒါဟာ အင်မတန်ကောင်းမွန်တဲ့ အချက်ဖြစ်ပြီး page ကို classic page ထက် ပိုမို ကောင်းမွန်စွာ ထိန်းချုပ်လာနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခု ပိုကောင်းတဲ့အချက်က page ဟာ profile အနေနဲ့ အလုပ်လုပ်ခွင့် ရရှိခြင်းဟာ profile page မှာ အကောင်းဆုံးနဲ့ အသုံးအဝင်ဆုံးလို့ ပြောလို့ရပါတယ်။
ဘာလို့လဲ ဆိုရင် အရင်တုန်းကဆိုရင် ကျွန်တော်တို့ page နဲ့ပတ်သက်ပြီး product/service တွေ ရောင်းတဲ့အခါ၊ marketing လုပ်တဲ့အခါမှာ ကြုံရတဲ့ အခက်အခဲ တစ်ခုရှိပါတယ်။ ဒါဟာ ဘာလဲဆိုလို့ရှိရင် မိမိရဲ့ personal acc နဲ့ ဈေးရောင်းရတာ ဖြစ်တဲ့အတွက် ဒါဟာ ယုံကြည်ရခက်ခဲသလို၊ ဘယ်သူက မိမိရဲ့ personal အကောင့် နဲ့ ဈေးရောင်းပမလဲ၊ နောက်ပြီး ဒါဟာ လုပ်ငန်းအတွက်လဲ ရေရှည်ကောင်းတဲ့အချက်မဟုတ်ပါဘူး။
အခု ဒီအချက်ကို Facebook က ဖြေရှင်းပေးလိုက်ပုံ ရပါတယ်။ page အနေနဲ့ marketing ဆင်းလို့ ရသွားပါပြီ။ group တွေကို join လို့ရသွားပါပြီ၊ page တွေကို like လုပ်လို့ရသွားပါပြီ။ ဒီတော့ customer တွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံလို့ရသွားပါပြီ။ ဒါဟာ အင်မတန်မှ ထိရောက်တဲ့ စနစ်ဖြစ်ပြီး reach ပိုရောက်မယ်၊ followers တိုးလာမယ်၊ CRM (communication) ပိုကောင်းမယ်၊ ရောင်းအားတွေ ပိုတက်လာမယ်။
❤️ဘယ်လောက်ကောင်းလိုက်လဲ...
ဒါ့ကြောင့် သင့် page ဟာ profile page ပြောင်းသွားတယ်ဆိုရင် ထကုန်ပြီး ကသင့်နေပါပြီနော်...☺️
သိချင်တာရှိရင် မေးနိုင်ပါတယ်
Chat on messenger:
m.me/108639715105392
Read more:
https://www.facebook.com/december3agency

No comments:
Post a Comment