✔️ Publishing မှာ post တွေကို schedule လုပ်၊ တင်တဲ့ အခါ page တစ်ခု၊ channel တစ်ခုတင် မကပဲ အများအပြားကို တပြိုင်နက်တည်း ဆောင်ရွက်လို့ ရပါတယ်။ queue လုပ်လို့ရတဲ့အတွက် ပိုမိုလွယ်ကူလျင်မြန်စေပါတယ်။ ပုံမှန်အားဖြင့် page တစ်ခုကို ပဲ schedule လုပ်နိုင်တာ ဖြစ်ပါတယ်။
✔️ Team conversation ရှိတဲ့အတွက် Post တွေ မတင်ခင်မှာ လဲ စိတ်တိုင်းကျ စစ်ဆေးနိုင်တယ်၊ လိုအပ်သလို သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တာဝန်တွေ ခွဲဝေပေးပြီး ပြုပြင်စေခိုင်းနိုင်တယ်။ Team management, internal communication ပိုမို ကောင်းမွန်စေနိုင်မှာ ဖြစ်ပါတယ်။
✔️ Approval workflow ရှိတဲ့အတွက် Post တွေ တင်တဲ့ နေရာမှာ လဲ သက်ဆိုင်ရာ တာဝန်ရှိသူက စစ်ဆေး အတည်ပြုခြင်း မပြုဘဲ တင်လို့မရအောင် (သို့) အတည်ပြုချက်တွေကိုလဲ တောင်းခံနိုင်ပါတယ်။ ပုံမှန်အားဖြင့် Viber ကနေ ဟိုပုံပို့၊ ဒီစာပို့ပြီး စစ်ဆေး အတည်ပြုခိုင်းရတဲ့ အခက်အခဲတွေ ကင်းဝေးလို့ လွယ်ကူလျှင်မြန်စေပါတယ်။
✔️ Smart inbox မှာ Message, comment များကို တိုက်ရိုက် engage လုပ်လို့ရသလို Task တာဝန်ခွဲဝေ စေခိုင်းနိုင်တဲ့အတွက် CRM အတွက် များစွာ ထိရောက်မှု ရှိစေနိုင်မှာ ဖြစ်ပါတယ်။
✔️ Report မှာ မိမိရဲ့ profiles/pages/channels performance တွေကို စစ်ဆေးနိုင်တယ်၊ analysis လုပ်နိုင်တဲ့အပြင်။ Post performance တွေ စစ်ဆေးနိုင်တယ်။ competitive analysis တွေပါ လုပ်နိုင်လို့ optimization ကောင်းကောင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် အားနည်းချက်လို့ ပြောလို့ရတာကတော့ အလကား သုံးလို့မရပါဘူး၊ ရက် (၃၀) အစမ်းသုံးခွင့်ရှိပေမယ့် ဝယ်သုံးမယ်ဆိုရင်လဲ အနည်းဆုံး တလ 89$ ရှိတာမို့ လုပ်ငန်းကြီးတွေအတွက်ပဲ အဆင်ပြေနိုင်ပါလိမ့်မယ်။
Chat on messenger:
m.me/108639715105392
Read more:
https://www.facebook.com/december3agency

No comments:
Post a Comment