ဒီနည်းလမ်းကို ပိုမိုထိရောက်ချင်တဲ့အခါမှာ သုံးလို့ရပါတယ်။ တစ်ခုသတိထားရမှာက Audience size အရမ်းနည်းသွားရင် ပိုဆိုးသွားနိုင်ပါတယ်။
Second hand laptop ဆိုတဲ့ product ကို ရောင်းမယ်ဆိုပါစို့...
Interest ကို ဘယ်လိုရွေးမလဲ ❓
ရောင်းမှာက laptop ဖြစ်တဲ့အတွက် interest ကို laptop လို့ ရွေးလို့ရပါတယ်။ ဒါကို general audience လို့ ပြောလို့ရပါတယ်။ audience size ကျယ်တယ်။ ထိရောက်မှု နည်းပါတယ်။ ဘာလို့လဲ ဆိုတော့ laptop ကို စိတ်ဝင်စားတဲ့သူတွေကို ပစ်တယ်ဆိုတာတော့ မှန်ပါတယ်။ ဒီကြော်ငြာကို တွေ့တဲ့သူတွေကတော့ laptop စိတ်ဝင်စားတဲ့သူတွေပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အသစ် ကို စိတ်ဝင်စားတဲ့သူရော၊ အဟောင်းကို စိတ်ဝင်စားတဲ့သူရော၊ ဝယ်ချင်တဲ့သူရော၊ ရောင်းချင်တဲ့သူရော စသဖြင့် အမျိုးမျိုးပါနေတဲ့အတွက် ထိရောက်မှုနည်းမယ်၊ message အဝင်နည်းပါလိမ့်မယ်။
ဒါကို ထိရောက်အောင် ပြင်လို့ရလားဆို narrow နဲ့ ပြင်လို့ရပါတယ်။ laptop ကို စိတ်ဝင်စားတဲ့သူတွေကို ပစ်လိုက်တာ မှန်ပေမယ့်၊ အဟောင်းကို စိတ်တင်စားတဲ့သူတွေ မဟုတ်တော့ သိပ်ထိရောက်မှာ မဟုတ်ဘူးလေ၊ ဒါ့ကြောင့် narrow နဲ့ second hand ဆိုပြီး interest တွေကို ထပ်ရွေးပါမယ်။ ဒါဆိုရင် laptop ကို စိတ်ဝင်စားတဲ့သူ ဖြစ်ရမယ်၊ အဟောင်းကို စိတ်ဝင်စားတဲ့သူ ဖြစ်ရမယ်။ တနည်းအားဖြင့် second hand laptop ကို စိတ်ဝင်စားတဲ့သူတွေကို ပစ်လိုက်တဲ့ သဘောဖြစ်သွားပါတယ်။
ဒီလိုနည်းနဲ့ audience ကိုရွေးချယ်ပစ်လိုက်ပြီဆိုရင် message တွေဝင်လာပြီး ထိရောက်အောင် ပစ်နိုင်မှာ ဖြစ်ပါတယ်။ သို့သော် သတိထားရမှာက audience size သေးရင် ထိရောက်မှု ပိုနည်းနိုင်ပါတယ်။

No comments:
Post a Comment