Friday, August 26, 2022

Facebook မှာ Audience ရွေးနည်း

General Audience နှင့် Specific Audience ဘာကွာလဲ❓

အဓိက အားဖြင့် Audience ၂ မျိုး ခွဲခြားလို့ရပါတယ်။ အဲဒါကတော့ general audience နဲ့ specific audience ပဲ ဖြစ်ပါတယ်။

General audience ဆိုတာ ဘာလဲ❓

General audience ဆိုတာ တိတိကျကျ မဟုတ်ဘဲ ယေဘုံယျ interest တွေကို အသုံးပြုတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ယေဘုံယျ interest ဆိုတာ ဘာလဲ လို့ပြောရင် အများနဲ့ ဆိုင်တဲ့ interest တွေကို ပြောတာ ဖြစ်ပါတယ်။ Nivea က ထုတ်တဲ့ အသားဖြူ cream “extra white” product တစ်ခုကို ရောင်းချင်တယ် ဆိုပါစို့... interest မှာ cosmetics လို့ ရွေးချယ်လိုက်ခြင်းဟာ general audience ရွေးချယ်လိုက်ခြင်း ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ lipsticks ကြိုက်တဲ့သူတွေ၊ makeup ကြိုက်သူတွေ၊ lotion ကြိုက်တဲ့သူတွေလဲ ပါနိုင်လို့ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ online shopping လို့ ရွေးတဲ့သူတွေ ထက်စာရင်တော့ ပိုထိရောက်မှုရှိပါတယ်။ online shopping လို့ ရွေးချယ်တာဟာ မဆိုင်ဘူးလား မေးရင်တော့ ဆိုင်နိုင်ပါတယ်။ too general ဖြစ်လွန်းတယ်လို့ ပြောလို့ ရပါတယ်။ ဒီလိုမျိုး audience ကို မရွေးသင့်ပါဘူး။

Specific audience ဆိုတာ ဘာလဲ❓

Specific audience ဆိုတာ တိကျတဲ interest တွေကို အသုံးပြုတာကို ဆိုလိုတာ ဖြစ်ပါတယ်။ Specific audience ဆိုတာ တနည်းအားဖြင့် ပြောရင် category နဲ့ တူတဲ့ interest တွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒိနေရာမှာ cosmetics က title ဆိုရင် makeup, lipstick, eyebrow, cream, စတဲ့ interest တွေဟာ category တွေဖြစ်ပြီး specific audience ပဲ ဖြစ်ပါတယ်။ specific audience ဆိုတာ ထိရောက်မှုရှိတဲ့ interest အမျိုးအစား ဖြစ်လို့ boost လုပ်တဲ့သူတိုင်း ရွေးချယ် ပစ်သင့်ပါတယ်။

ဒီနေရာမှာ interest ကို Nivea ( brand )လို့ ရွေးချယ် ပစ်မယ်ဆိုရင်တော့ အရမ်းတိကျလွန်းလို့ audience size သေးနိုင်တဲ့အတွက် too specific ဖြစ်တယ် လို့ ပြောလို့ရနိုင်ပါတယ်။ ဒီလို ရွေးချယ်မှုဟာ ထိရောက်မှုလဲ နည်းသွားနိုင်ပါတယ်။ too specific audience (narrow) ဖြစ်တဲ့ interest တွေကိုလဲ မရွေးချယ်သင့်ပါဘူး။ သို့သော် တခါတရံမှာ (brand) တွေဟာ too specific audience ဖြစ်တယ်လို့ type အရဆိုသော်လည်း popular ဖြစ်ပြီး လက်တွေ့မှာ audience size အရမ်းကြီးလို့ specific target အဖြစ် အသုံးပြုနိုင်ပါတယ်။

Audience ၂ မျိုးလို့ ဆိုခဲ့ပေမယ့် တကယ်တော့ ၄ မျိုးကို ထုတ်ဖော် ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ audience အရွေးမှန်မှ ထိရောက်မှာ ဖြစ်လို့ မှန်ကန်စွာ ရွေးချယ်ပစ်နိုင်ကြပါစေ...

Any comments below 👇

No comments:

Post a Comment